ပါရီ ၊မတ် ၁၆ ရက်( ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့( IMF) ရုံး၌ ယနေ့(မတ်လ ၁၆)ရက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး ဒါဏ်ရာ ရသွားကြောင်း ဒေသတွင်းမီဒီယာအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ မြို့ပြင်ရှိ ဆီဆိုင်တန်း မီးလောင်မှုဖြစ်စဉ်တွင် ကျပ်သိန်းပေါင်း ၄၉၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊ ပ-၉၁/၂၀၁၇/၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ပို့ကုန်ဈေးကွက် အိမ်နီးချင်းနိုင်ငံများ နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ဈေးနှုန်း၊ အရည်အသွေး အပါအဝင် ခက်ခဲနေသေးသည့် အရာများအား အစိုးရ၊ ပုဂ္ဂလိက အဘက်ဘက်မှ ဝိုင်းဝန်းညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ယနေ့ပြောကြားသည်။
နေပြည်တော်၊ မတ်လ ၁၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် တရားမဝင် ဓာတ်အား သုံးစွဲမှုများ စစ်ဆေးတွေ့ရှိခဲ့ရာ ၂၀၁၇ ဇန်နဝါရီတစ်လအတွင်းမှာပင် ၄၆ မှု တွေ့ရှိခဲ့ပြီး ထိုအမှုများမှ နစ်နာကြေးငွေ ကျပ် ၆၄ သန်းခွဲ ကျော်( ၆၄၅၃၈၀၆၀ ကျပ်)...
လော့စ်အိန်ဂျလိစ် ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ဟာဝိုင်ယီ ပြည်နယ် တရားသူကြီး Derrick Watson က မတ်လ ၁၅ ရက်နေ့၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ် ကို အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာ...