နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ် နှစ်ခုတွင် လူပေါင်းများစွာ သေဆုံးမှုဖြစ်ပွားစေခဲ့သော အရက်တုထုတ်လုပ်သည့်စက်ရုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် ရှစ်ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ၂၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီး က ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၂)မူဆယ်(ကွတ်ခိုင်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း၆၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ကြမ်းတမ်းခက်ခဲမှုကြောင့် ကလေးငယ်အများစု အပါအဝင် စုစုပေါင်း လူ ၄၅ဦး မကြာသေးမီကသေဆုံးခဲ့ကြောင်း စစ်ပွဲဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၉ရက်ကပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် ၂၀၃၁ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး လကမ္ဘာသို့ လူလိုက်ပါသည့် ခရီးစဉ်သွားရောက်ရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံဗဟိုသုတေသနဌာန၏ စက်ယန္တရားတည်ဆောက်ရေးဌာနခွဲ မှထုတ်ပြန်သော အစီရင်ခံစာ ကို ကိုးကား၍ RIA Novosti သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်တွင်ဖော်ပြခဲ့သည်။