Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ထိပ်သီး အစည်းအဝေးနှင့် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးတက်ရောက်ရန် ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးကယနေ့သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး သို့ တက်ရောက် ရန်အတွက် မကြာမီကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)