Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ကိစ္စ နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခံရမှုအား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်

နိုင်ငံတော် အတိုင်ပင်ခံရုံး ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ကိစ္စ နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ကိစ္စ နှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ၌ တရားစွဲဆိုခဲ့ကြောင်း၊  ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်အရ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး ၏ အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။

ဂမ်ဘီယာနိုင်ငံ ၏ တရားစွဲဆိုချက် ကို တုန့်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများအားငှားရမ်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ အကျိုးစီးပွား အားကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ၊ The Hague မြို့ သို့ စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်ဦးဆောင် သွားရောက်ရန်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)