ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သြဂုတ်၁၃ ရက်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၄ ဦးထိတိုးလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဒိုဟာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နှင့် အာဖဂန် တာလီဘန်တို့၏ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ကာတာနိုင်ငံ မြို့တော် ဒိုဟာ တွင် ကျင်းပခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေမှာ သြဂုတ်လ ၁၃ ရက် မနက်ပိုင်းအထိ ရရှိထားသော သတင်းများအရ ၆ဝ ဦးထိတိုးလာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။...
ရှန်တုံ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မွေးရာပါ ရောဂါ တစ်မျိုးကြောင့် ခြေထောက်သိမ်ပြီး မသန်စွမ်းတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် Liu Honggang ဆိုသူသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ရှိ Tai တောင်တန်းပေါ်သို့ လက်နှစ်ဖက်ဖြင့် တက်ရောက်ခဲ့သည်မှာ ၎င်း အသက်၁ဝ နှစ်...