Connect with us

Social

ရန်ကုန်မြို့ ရုပ်ရှင်လမ်းကြားဉယျာဉ်ကို ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင်နိုဝင်ဘာလ ၁၇ ရက်နေ့၌ ဖွင့်လှစ်မည်

ရန်ကုန်မြို့ ရုပ်ရှင်လမ်းကြားဉယျာဉ်အားပြင်ဆင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်းသတင်းစာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) 

 

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင် ဉယျာဉ်ဖြစ်မြောက်ရေးကော်မတီ နှင့် ရန်ကုန်ဝေါ (Yangon walls) အဖွဲ့တို့ ပူးပေါင်းဖန်တီး ထားသော ရုပ်ရှင်လမ်းကြားဉယျာဉ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင် ပုံဖော်ဖန်တီးထားသော ရုပ်ရှင်လမ်းကြားဉယျာဉ်မှာ ဝဇီရာရုပ် ရှင်ရုံနောက်ဘက်တွင် တည်ရှိပြီး ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများ၊ ခေတ်ဟောင်းအနုပညာရှင်များဖြင့် ပုံဖော် ထားသည်ကို တွေ့ရသည်။

ယခင်ခေတ်အခါက အဆိုပါလမ်းကြားတွင် အဖေတစ်ခု၊ သားတစ်ခု ရုပ်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးခဲ့ဖူး ကြောင်း သိရသည်။ ရွှေဂေါင်းပြောင်၊ ရီးစားဓမြ၊ မောင့်သူဇာမေ၊ ယောက်ခမကြီးရေးတဲ့ဖူးစာ၊ ငယ်ကျွမ်းဆွေ အစရှိသော ရုပ်ရှင်ကားအမည်ဖြင့် ရုပ်ရှင်လမ်းကြားဉယျာဉ်တွင် ပုံဖော်ထားသည်ကိုတွေ့ရသည်။ ဖွင့်ပွဲနေ့ ဖြစ်သော နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကလေးငယ်များအား ရုပ်ရှင်အနုပညာရှင်များမှ ဉာဏ်စမ်းပဟေဠိဖြေဆို မှုများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.