ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မှောင်မိုက်သည့် လမ်းဘေးတစ်နေရာတွင် ဆင်တစ်ကောင်အား ပစ်ကပ်ကားတစ်စီး ဝင်တိုက်မိသဖြင့် ယာဉ်မောင်းသူသေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်သတင်းများ၌ ဖော်ပြထားသည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေး Bandana Nepal သည် ၁၂၆ နာရီကြာ မရပ်မနားကခုန်ပြီး “တစ်ကိုယ်တော် မရပ်မနား အချိန်ကြာဆုံး ကခုန်ခြင်း” ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် ငွေကျပ်သိန်းပေါင်း ၁၀၅၀ တန်ဖိုးရှိသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၉ ရက်)နံနက်ပိုင်းက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် ကျင်းပခဲ့သည်။