Connect with us

Social, Education & Health

ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာ ဘာသာပြန်ပြိုင်ပွဲအား တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် စတင်ကျင်းပ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ ၊နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာဘာသာပြန်ပြို်ငပွဲကို နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ ဘာသာပြန်အသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ရာ 

ပြိုင်ပွဲကာလ ၁ နှစ်ကြာမြင့်မည်ဖြစ်ပြီး ဘာသာစကား ပေါင်းကူးတံတားဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ တစ်လျှောက်နိုင်ငံများ ၏ကူးလူးဖလှယ်ရေး ကို ချိတ်ဆက်ပေးရန် ဟိုင်နန်၏ လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတည်ဆောက်မှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

ပြိုင်ပွဲကို စကားပြန်နှင့်ဘာသာပြန်ဟူ၍ နှစ်မျိုးခွဲခြားထားကာ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ စပိန်၊ အာရေဗျ၊ ထိုင်း စသည့် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံများ၏ ဘာသာစကားများနှင့် တရုတ်ဘာသာစကားကို စကားပြန် သို့မဟုတ် ဘာသာပြန်ဆိုရမည်ဖြစ်သည်။ ယခုကျင်းပသည့်ပြိုင်ပွဲသည် သာမန်ရိုးကျ ဘာသာပြန်ပြိုင်ပွဲနှင့်မတူ စိတ်ဝင်စားဖွယ် ၊အပြန်အလှန်ဖလှယ်နိုင်မည့် ကဏ္ဍများ ပါဝင်မည်ဖြစ်ပြီး အကြောင်းအရာအားဖြင့် ယဉ်ကျေးမှု၊ပညာရပ်ပိုင်းဆိုင်ရာ ၊ သိပံ္ပနည်းပညာ ၊ မျက်မှောက်နိုင်ငံရေးအခြေအနေစသည့် ကဏ္ဍစုံပါဝင်မည်ဖြစ်သည်။ 

ပြိုင်ပွဲ၏လမ်းညွှန်အကြံပေး ဌာနဖြစ်သည့် တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကား ပုံနှိပ်ထုတ်ဝေရေး ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဖောင်းကျန့်ဟွေးက  ပိုးလမ်းမတစ်လျှောက်နိုင်ငံနှင့်ဒေသများ၏ ယဉ်ကျေးမှုဖလှယ်မှု၊ပြည်သူချင်းစိတ်ချင်းဆက်နွယ်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်း ၊ ဘာသာပြန်ကျွမ်းကျင်သူ လူရည်ချွန်များ၏ ပျိုးထောင်မှုကို မြှင့်တင်ဆောင်ရွက်ခြင်းသည်  ရပ်ဝန်းနှင့်ပိုးလမ်းမ လက်တွဲတည်ဆောက်ရာတွင် အထူးလိုအပ်ကြောင်း ဆိုသည်။ 

၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိဆိုရလျှင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၇ နိုင်ငံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုထားပြီဖြစ်ကြောင်းသိရသည်။

ပြည်ပ တံခါဖွင့်ရှေ့တန်းပြေးအနေဖြင့်  တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်ရေးဇုန်များသည် နိုင်ငံခြားသားများ၏ လုပ်ငန်းတည်ထောင်ရာ၊အလုပ်လုပ်ကိုင်ရာ၊နေထိုင်ရာနေရာများဖြစ် ဆွဲဆောင်လျက်ရှိသည်။ လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတည်ဆောက်နေသည့် ဟိုင်နန်ပြည်နယ်ကို  ၂၁ ရာစု ပင်လယ်ရေးကြောင်းပိုးလမ်မ၏ အရေးကြီးသည့် မဟာဗျူဟာမြောက်နေရာ အဖြစ် ပစိဖိတ်သမုဒ္ဒရာ၊အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူသည့် ပြတင်းပေါက်အနေဖြင့် တည်ဆောက်သွားမည်ဖြစ်ရာ ဘာသာပြန်ကျွမ်းကျင်သူ လူရည်ချွန်များကို အမြောက်အမြားလိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.