Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့(Chittagong)ရှိ ၅ ထပ်အဆောက်အဦတစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် နံရံအချို့ ပြိုလဲခဲ့ကြောင်း၊ ဒဏ်ရရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကုသရာ လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ဒေသခံရဲဘက်ဆိုင်ရာက ဆိုသည်။

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် တွင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် မတော်တဆများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ယခုနှစ် အောက်တိုဘာတွင် ဒါကာမြို့၌ဓါတ်ငွေ့အိုးဟောင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့သလို ဖေဖော်ဝါရီလတွင်လည်း ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် မီးဘေးသင့်ခဲ့ရာ အနည်းဆုံး လူ ၈၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)