မိုဂါဒစ်ရှူး၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ဇူလိုင်လ ၂၁ ရက် အစောပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုင်ငံ့အကြီးအကဲအဖြစ် ၉ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၂၁ ရက်တွင် ဆီနီဂေါနိုင်ငံသို့နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ (Film Development Centre)ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြဝတီမြို့တွင် ရွာသွန်းကာ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သုံးရက်အတွင်း ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနေနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန် ချက်အရ သိရသည်။