Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ ၂၂ ဦးဒဏ်ရာရရှိ

ယာဉ်တိုက်မှုဖြစ်ပွားပြီနောက်တွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်ကုန်း(အနောက်)ကျေးရွာအနီး ဂွေ့ကြီး ဘုန်းတော်ကြီးကျောင်းရှေ့ မိတ္ထီလာ- ကျောက်ပန်းတောင်း ကားလမ်း ပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် (၅/၃)နှင့်(၅/၄)အကြား အနောက်မှ အရှေ့သို့ ထူးထူးကျော် သီးကုန်းကျေးရွာ၊ မိတ္ထီလာမြို့နယ် နေသူ မောင်းနှင်လာသော YGN 8K/……… Light Truck အဖြူရောင်ယာဉ်သည် အရှိန်ဖြင့် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ဝဲဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး အရှေ့မှ အနောက်သို့ လွှမ်းမိုးအောင် ဂွေးကုန်းကျေးရွာ မိတ္ထီလာမြို့နယ်နေသူ မောင်းနှင်လာသည့် MDY 9M/……….. Canter Titan အဖြူရောင် (၆)ဘီးယာဉ်၏ ဝဲဘက်ခြမ်း ခါးပိုင်းအား ဝင်ရောက် တိုက်မိကာ Canter Titanယာဉ်မှာ ယာဘက်လမ်းပခုံးသို့ တိမ်မှောက် သွားပြီး Light Truckယာဉ်မှာ ဦးခေါင်းပိုင်း ကြေမွခဲ့သည်။ ၎င်းယာဉ်တိုက်မှုကြောင့် Light Truckယာဉ်မောင်းဖြစ်သူ ထူးထူးကျော်နှင့်အတူ ယာဉ်ပေါ်ပါ အမျိုးသမီး နှစ်ဦး ၊ Canter Titan ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး (၁၇)ဦးတို့ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ထူးထူးကျော်အား အမှတ်(၁)နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)