ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန် က ဒေသခံပြည်သူ့လွှတ်တော်များ နှင့် ၎င်းတို့ ၏ အမြဲတမ်းကော်မတီများ သည် ဒေသအခြေအနေများကို အခြေခံ၍ ဥပဒေ နှင့်ကြီးကြပ်ဆောင်ရွက်ခြင်းများကို တိုးတက်ရန် ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက် ရန် ညွှန်ကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အဦတစ်ခုပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိရှိလာခဲ့ကြောင်း၊ လူ ၈ ဦးအားကယ်ဆယ်နိုင်ခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း၊ အခြားသူ ၂ ဦးမှာ ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဘစ်ရှ်ကတ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon သည် ကာဂျစ်စတန် နိုင်ငံ ၊ မြို့တော် ဘစ်ရှ်ကတ်(Bishkek) သို့ တရားဝင် ခရီးစဉ် အဖြစ် ဇူလိုင် ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေမှာ ၂၀၁၁ မှ ၂၀၁၈ (ကိုးနှစ်)အတွင်း ၆၅ ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။