Connect with us

Videos

အရပ်ဘက်လုပ်ငန်းသုံး AC313 ဟယ်လီကော်ပတာ ၏ အရေးပေါ်ကယ်ဆယ်ရေးစွမ်းဆောင်ရည်စမ်းသပ်

ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အရပ်ဘက်လုပ်ငန်းသုံးရန်ရည်ရွယ်ထုတ်လုပ်ထားသည့် ဝန်အားမြင့်သယ်ဆောင်နိုင်သော ဟယ်လီကော်ပတာ AC 313 ၏ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ကို လေ့လာစမ်းသပ်မှု များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုဟယ်လီကော်ပတာဖြင့် မီးငြှိမ်းသတ်နိုင်စွမ်းကို စမ်းသပ်ရာ ရေ ၄ တန်ကိုကောင်းစွာ သယ်ဆောင်နိုင်ပြီး မီးလောင်သည့် အဆောက်အဦ သို့ အကွာအဝေး ၄ဝ မီတာ မှ ဖြန်းပက်နိုင်သည်။

ထို့အပြင် စက်ကိရိယာများကို မတင်ခြင်း၊ မြစ်ရေလျှံတက်မှုဖြစ်ပွားရာသို့ သဲအိတ်များချထားခြင်းလုပ်ငန်းများကိုလည်း စမ်းသပ်အောင်မြင်ခဲ့သည်။

ဟယ်လီကော်ပတာမှာ အလေးချိန် ၂.၅ တန်ရှိသည့် စက်ကိရိယာများနှင့် သဲအိတ်များကိုသယ်ဆောင်နိုင်သည့် ဝန်အားမြင့်သယ်ဆောင်နိုင်သော ဟယ်လီကော်ပတာအမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံပိုင် Aviation Industry Corporation of China (AVIC) က ထုတ်လုပ်ထားခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.