Connect with us

Videos

အကွေ့အကောက်ပေါင်း ၉၉ ခု တွင် ဗောက်ဝက်ဂွန်လျှပ်စစ် ပြိုင်ကားဖြင့်အချိန် ၇ မိနစ် အတွင်း မောင်းနှင်

ဟူနန်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဟူနန်ပြည်နယ် အနောက်မြောက်ပိုင်း ကျဲ့ကျန်းမြို့ထျန်းအမ်းမင်တောင်အမျိုးသားဥယျာဉ်ရှိ အကွေ့အကောက်ပေါင်း ၉၉ ခု တွင် ပြင်သစ်လူမျိုး ပြိုင်ကားမောင်းနှင်သူ Romain Dumas က ဗောက်ဝက်ဂွန် လျှပ်စစ် ပြိုင်ကား ID.R ကို အချိန် ၇ မိနစ် အတွင်း အပြီးမောင်းနှင်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။

ထျန်းအမ်းမင်တောင် အမျိုးသားဥယျာဉ်သည် ကမ္ဘာ့အကွေ့အကောက်အများဆုံး အန္တရာယ်အများဆုံးမတ်စောက်သည့်လမ်းဖြစ်ပြီး အမြင့်ပေ ၂ဝဝ မှ အမြင့်ပေ ၁၃ဝဝ မီတာအထိ မြင့်တက်ပြီး လမ်း၏ စုစုပေါင်းအရှည်မှာ ၁ဝ ကီလိုမီတာရှိသည်။

Romain Dumas ၏ ပြိုင်ကားမောင်း စွမ်းရည်ကို အောက်ပါvideo ထဲတွင် ကြည့်ရှုနိုင်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.