Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အတွင်း နီပေါနိုင်ငံမှ ရဟတ်ယာဉ် တစ်စီး ရာသီဥတု ဆိုးရွားမှုကြောင့် အရေးပေါ် ဆင်းသက်ရဟုဆို

နီပေါ နိုင်ငံမှ ရဟတ်ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် မြို့နယ် အတွင်း ယနေ့နံနက်ပိုင်းတွင် ခေတ္တ ဆင်းသက်ရပ်နားခဲ့သော ရဟတ်ယာဉ်မှာ နီပေါ နိုင်ငံမှ ရဟတ်ယာဉ် ဖြစ်ပြီး ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် အရေးပေါ် ဆင်းသက်ရခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံ သစ်တောမီးလောင်မှုသို့ သွားရောက်ကူညီမည့် နီပေါနိုင်ငံမှ Mi-8 -MTV-1 အမျိုးအစား (Registration No/ Call Sgn: 9N-AHT) Helicopter ၁ စီးဖြစ်ပြီး Bangladesh- Yangon – Thailand ခရီးစဉ်များ ပျံသန်းရန်အတွက် မြန်မာနိုင်ငံအပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ရပ်နားခွင့်တို့ကိုလည်း အင်ဒိုနီးရှားနိုင်ငံ သံရုံးမှတစ်ဆင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနများသို့ တရားဝင် ဖြတ်ကျော် ပျံသန်းဆင်းသက်ရပ်နားခွင့် တင်ပြတောင်းခံထားသည့် ရဟတ်ယာဉ် ၁ စီးဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းလေယာဉ်သည် ရာသီဥတု ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆင်းသက်ခဲ့သည့်နေရာမှ ဆက်လက်ပျံသန်းခဲ့ရာ စစ်တွေလေဆိပ်သို့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာနှင့် ရေခေါင်းချောင်း ကျေးရွာအကြားစားကျက်မြေ၌ ယနေ့နံနက် ၁၁ နာရီခန့်တွင်အဆိုပါ ရဟတ်ယာဉ် ခေတ္တ ဆင်းသက်ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.