ခတ္တမန္ဒူ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ဝမ်းယန် က တရုတ်နိုင်ငံ နှင့် နီပေါနိုင်ငံ တို့သည် ရိုးရာဆေးပညာ နည်းလမ်းများ နှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်သွားရန် သြဂုတ် ၁၆ ရက်က ပြောကြားခဲ့သည်။
ကျင်းဟိုင်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့်ယန်စီမြစ်အားဖြတ်သန်းဆောက်လုပ်ထားသော အမှတ် ၈ မြေအောက်ရထားလမ်း၏ဥမင်လှိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းမှာ သြဂုတ်လ ၉ ရက်နေ့က ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏အရှည်ဆုံးယန်စီ မြစ်အောက်တွင် ဖောက်လုပ်ထားသောတတိယ မြောက်အရှည်ဆုံးဥမင်လိုဏ်ခေါင်းတစ်ခုဖြစ်သည်။ ဥမင်လိုဏ်ခေါင်းအရှည်မှာ ၃၁၈၆ မီတာရှိပြီး အချင်းဝက် ၁၂.၅ မီတာရှိသည်။ ဥမင်လိုဏ်ခေါင်း...
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ် တွင် ကြောင်ချစ်သူများစုဝေးရာ CatCon ပွဲကိုကျင်းပခဲ့သည်။ ယခုနှစ်တွင် ၃ ကြိမ်မြောက်ပြီဖြစ်သည့် CatCon ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ကြောင်ရောင်းချသူ ပြသသူရာပေါင်းများစွာ ပါဝင်ဆင်နွှဲကြကာ ကြောင်အသုံးအဆောင်ပစ္စည်းထောင်ပေါင်းများစွာကို ပြသရောင်းချကြသည်။ ထိုပွဲတွင် ပိုင်ရှင်မဲ့ကြောင်များ အတွက် မွေးစားလိုသူများ၊ အလှူရှင်များ၊ NGO...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်မြို့နယ်အတွင်း ကျေးရွာအခြေပြုခရီးသွား လုပ်ငန်း များကို လာမည့်ပွင့်လင်းရာသီတွင် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဘရတ်တစ်လာဗာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဆလိုဗက်ကီးယားနိုင်ငံ အနောက်တောင်ဘက် Hlohovec မြို့တွင် နှစ်ပေါင်း ၄၀၀၀ နီးပါး သက်တမ်းရှိသော ကြေးခေတ်က ရှေးဓားမြှောင် တစ်လက်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မကြားသေးမီက ဒေသခံ မီဒီယာများ၌ ဖော်ပြထားသည်။