Connect with us

Africa & Middle East

အစ္စရေးနိုင်ငံတွင် ဂျနီဖာလိုပက်ဇ်၏ ပထမဆုံး ဖျော်ဖြေပွဲသို့ ပရိသတ် ၅၇,၀၀၀ ခန့် တက်ရောက်

အစ္စရေးနိုင်ငံတွင် အမေရိကန်အဆိုတော် ဂျနီဖာလိုပက်ဇ်၏ ဖျော်ဖြေပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျေရုဆလမ်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

နာမည်ကျော် အမေရိကန်အဆိုတော် ဂျနီဖာလိုပက်ဇ်က အစ္စရေးနိုင်ငံတွင် ၎င်း၏ ပထမဆုံးရှိုးပွဲကို သြဂုတ်လ ၁ ရက် ညနေပိုင်းက ဖျော်ဖြေခဲ့ရာ ပရိသတ် ၅၇,၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“It’s My Party” ခရီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယင်းဖျော်ဖြေပွဲအတွင်း လိုပက်ဇ်က တယ်လ်အာဗိ (Tel Aviv) မြို့တွင် ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပြီး ၎င်း၏ အသက် ၅၀ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပခြင်းလည်း ဖြစ်သည်။

လိုပက်ဇ်က “I love you” ဟူသောစကားကို ဟေဘရီဘာသာဖြင့် ပြောခဲ့ပြီး ခရီးစဉ်နဲ့ပတ်သက်၍ ၎င်း၏ အတွေးအခေါ်များနှင့် စိတ်ကူးကို မျှဝေခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲအား လုံခြုံရေးတင်းကြပ်မှုများအောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံတွင် ပြုလုပ်သော အခမ်းအနားကြီးများတိုင်း၌ ပြင်းထန်သော စည်းကမ်းတင်းကြပ်မှုများအောက်တွင် ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်မှုနှင့် ခွင့်ပြုမှုဖြင့် လုပ်ဆောင်ရခြင်းဖြစ်သည်။

ပါလက်စတိုင်း ထောက်ခံသူများကမူ အစ္စရေးသို့ လာရောက်ဖျော်ဖြေလိုသည့် အခြားသော နာမည်ကျော်များအား လုပ်ဆောင်ခဲ့ကြသည့်အတိုင်း လိုပက်ဇ်၏ ဖျော်ဖြေပွဲအား ဖျက်သိမ်းရန် ပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117