Connect with us

North America

ဟွန်ဒူးရပ်နိုင်ငံ၌ ယာဉ်မတော်တဆမှုများကြောင့် ဒုတိယမြောက်လူသေမှုအများဆုံး ဖြစ်ပွား

ဟွန်ဒူးရပ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့်ယာဉ်မတော် တဆမှုတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ))

တီဂူစီဂါလ်ပါ၊ သြဂုတ်လ ၃ ရက်(ဆင်ဟွာ)

ဟွန်ဒူးရပ်နိုင်ငံတောင်ပိုင်းကိုဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် သြဂုတ်လ ၂ ရက်က ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။

ဘတ်စ်ကားမှာမြို့တော်တီဂူစီဂါလ်ပါ မှ ၅၃ ကီလိုမီတာအကွာ မိုရာမာလ်ကာ တောင်ကုန်းဘေးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကနဦးသတင်းများအရ သိရသည်။ ဒဏ်ရာရရှိသူများကို တီဂူစီ ဂါလ်ပါ မြို့ရှိဆေးရုံတစ်ခုသို့သယ်ဆောင်သွားခဲ့ကြောင်းလည်းသိရသည်။၂၀၁၉ ခုနှစ်အတွင်းဟွန်ဒူးရပ်နိုင်ငံ၌ယာဉ်မတော်တဆမှုများကြောင့်သေဆုံးရသူ ၃၀၀ ဦးကျော်ရှိသွား ပြီဖြစ်ကြောင်းသိရသည်။အများစုမှာ ယာဉ်မောင်းနေစဉ်အာရုံထွေပြားစေသော လက်ကိုင်ဖုန်းအသုံးပြု ခြင်းကဲ့သို့ကိစ္စများကြောင့်ဖြစ်ကြောင်းလည်းသိရသည်။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ဟွန်ဒူးရပ်နိုင်ငံ ၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၁,၅၉၇ ဦးသေဆုံးခဲ့ရသည်။ ဟွန်ဒူးရပ်နိုင်ငံ၌ လူသတ်မှုပြီးလျှင် ယာဉ်မတော်တဆမှုများကြောင့်သေဆုံးရမှုများမှာ လူသေမှုဖြစ်ပွားစေသော ဒုတိယမြောက်အကြောင်း ရင်းလည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.