Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗားကျွန်း၌ ရာသီဥတုပူပြင်းခြောက်သွေ့မှုနှင့်ကြုံတွေ့နေရ


ပေကျင်း၊ သြဂုတ်လ ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗားကျွန်း၊ အလယ်ဂျားဗားပြည်နယ်၊ဆရာဂျင် ဒေသရှိ ဂလာဂါ ကျေးရွာတွင် ရေရှားပါးမှုကြုံတွေ့နေရသော ရွာသူရွာသားများ အနီးအနားရှိ မြစ်များမှ ရေခပ်ယူ ၍ပြန်လာကြသည်ကို သြဂုတ်လ ၂ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် မိုးလေဝသ၊ ရာသီဥတုဆိုင်ရာပညာနှင့်ဘူမိရူပဗေဒ ပညာရပ်ဆိုင်ရာအေဂျင်စီက ယခုနှစ်တွင် ၂၀၁၈ ခုနှစ်ကထက်ပိုမိုပူပြင်းခြောက်သွေ့နိုင်ကြောင်း ရာသီဥတုခန့်မှန်းချက်ထုတ်ပြန်ခဲ့ သကဲ့သို့ပင် ဒေသခံအာဏာပိုင်များကလည်း တောမီးလောင်မှုများ၊ပူပြင်းခြောက်သွေ့မှုများနှင့်ဆိုးရွား စွာကြုံတွေ့ရနိုင်ကြောင်း သတိပေးနှိုးဆော်ချက်များထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗားကျွန်း၊ အလယ်ဂျားဗားပြည်နယ် အတွင်းတွင်ဆိုလျှင်ကျေးရွာများမှာရေရှားပါးမှုကြောင့်အနီးပတ်ဝန်းကျင်ရှိ ရေခမ်းခြောက်စပြုနေသော မြစ်များမှသွားရောက်၍ ရေခတ်ယူမှုများကိုရွာသူရွာသားများကပြုလုပ်နေ ကြရသည်။(Xinhua)