ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မန်တပ် ရွှေလီရေအား လျှပ်စစ်စီမံကိန်းလမ်းမကြီးသည် ယခု မော်တော်ယာဉ်များပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဒစ် အဘာဘား၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) သားသမီး နှင့်မြေး ၁၀၈ဦး၏ ဖခင်ဖြစ်သူ အသက် ၁၀၇နှစ် ရှိပြီဟု ခံယူထားသော အီသီယိုးပီးယား အဖိုးအိုတစ်ဦး နှင့် အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်ထပ်ခဲ့ကြောင်း သိရသည်။
ဒမဂ္ဂစကက် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ က သြဂုတ်လ ၁၅ ရက်နေ့၌ ဆီးရီးယား နိုင်ငံ တောင်ပိုင်း သဲကန္တာရ ဒေသ တွင် အစိုးရ လေယာဉ် တစ်စင်း ကို ပစ်ချ ခဲ့ကြောင်း...
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှု အခြေအနေအရ သြဂုတ် ၁၅ ရက် အထိ သေဆုံးသူ ၂၅ ဦး ရှိကာ ရောဂါ ဖြစ်ပွားသူ ဦးရေ ၂၄၂ ဦး...
ပေကျင်း ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) ကိုရီးယားကျွန်းဆွယ် အပြည့်အဝငြိမ်းချမ်းစေရန်အတွက် နျူကလီးယားအရေးအပေါ် အဖြေရှာခြင်း နှင့် ယင်းအားအဆုံးသတ်ရန် ဂျာမနီနိုင်ငံအနေဖြင့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက သြဂုတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။