Connect with us

North America

အမေရိကန်ရေတပ်မှ အက်ဖ်အေ-၁၈အီး စူပါဟောနက် တိုက်လေယာဉ် လော့စ်အိန်ဂျယ် မြို့၏မြောက်ဘက် တွင်ပျက်ကျ

အမေရိကန်ရေတပ်မှ အက်ဖ်အေ-၁၈အီး စူပါဟောနက် တိုက်လေယာဉ် များ အားတွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျယ်လ်၊ သြဂုတ်လ ၂ ရက်(ဆင်ဟွာ)

အမေရိကန်ရေတပ်မှ အက်ဖ်အေ-၁၈အီး စူပါဟောနက် တိုက်လေယာဉ်တစ်စီးသည် လော့စ်အိန်ဂျယ် မြို့၏မြောက်ဘက် ၃၈၀ ကီလိုမီတာအကွာ Death Valley အမျိုးသားဥယျာဉ်အတွင်း ဇူလိုင်လ ၃၁ ရက် ကပျက်ကျခဲ့ရာ လေယာဉ်မှူးဖြစ်သူသေဆုံးခဲ့ကြောင်း အမေရိကန်ရေတပ်က သြဂုတ်လ ၁ ရက် တွင်အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒအရ လေယာဉ် ပျက်ကျသေဆုံးခဲ့သောလေသူရဲမည်သူမည်ဝါဖြစ်ကြောင်း ကို ၂၄ နာရီထိမ်ချန်ထားမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်၏ လေတပ်ဖွဲ့က တွစ်တာတွင် ရေးသားခဲ့သည်။

အဆိုပါတိုက်လေယာဉ်ပျက်ကျမှုကြောင့် အမျိုးသားဥယျာဉ် ဝန်ဆောင်မှုလုပ်ငန်းမှ လူခုနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်းသိရသည်။ အက်ဖ်အေ-၁၈အီး စူပါဟောနက် တိုက်လေယာဉ်ကအဆိုပါနံနက်က ပုံမှန်လေ့ကျင့်ပျံသန်းမှုပြုနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ပျက်ကျသည့်အကြောင်း ရင်းကိုမူစုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။

အမေရိကန်လေတပ်နှင့်ရေတပ်တို့က အဆိုပါနယ်မြေအား စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုများပြုလုပ်ရန် အတွက် ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍အသုံးပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.