နယူးဒေလီ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) မကြာသေးမီက သားအိမ်အစားထိုးမှု အောင်မြင်စွာ ဆောင်ရွက်ပြီးသည့် အိန္ဒိယ အမျိုးသမီးသည် အာရှတွင် ပထမဆုံး သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် ကလေးမွေးဖွားတော့မည် ဖြစ်ကြောင်း မဟာရက်ရှ်ထရာပြည်နယ် အနောက်တောင်ပိုင်း Pune မြို့ရှိ ပုဂ္ဂလိကဆေးရုံရှိ ဆရာဝန်များက ပြောကြားခဲ့သည်။
တီရာနာ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ Resulaj ကျေးရွာတွင် သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပိုင်ဆိုင်မှုအငြင်းပွားမှုတစ်ခုအတွင်း ၎င်း၏ ဆွေးမျိုးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၈ ဦးသေဆုံးသွားခဲ့ကြောင်း အယ်လ်ဘေးနီးယား...
အော့တဝါ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ New Brunswick ပြည်နယ်တွင် သြဂုတ် ၁ဝ ရက် နံနက်ပိုင်းက မတော်တဆသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးဆုံးသွားကြောင်း CTV ရုပ်မြင်သံကြားသတင်းအရ သိရသည်။
ဝူဟန်၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်ဇီမြစ်ကူးတံတားစီမံကိန်းကိုဆောက်လုပ်လျက်ရှိရာ အဓိကအပိုင်းမှာပြီးစီးပြီဖြစ်သည်။ ၇၅၄၈ မီတာ အရှည်ဆောက်လုပ်မည်ဖြစ်သည့် ကျင်းရှန်ယန်ဇီမြစ်ကူးတံတားမှာ ယန်ဇီမြစ်ကို ဖြတ်သန်းဆောက်လုပ်သည့် ၁၁ စင်းမြောက်တံတားလည်းဖြစ်သည်။တည်ဆောက်ပြီးစီးပါက မြစ်ကြောင်းဖြတ်ကူးသွားလာရသည့် အခက်အခဲများကို ပြေလည်စေမည့် တံတားတစ်စင်းလည်းဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနိုင်မည်ဟုသိရသည်။(Xinhua)
ကျဲ့ကျုံး၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် ကျဲ့ကျုံးရှိ ရထားပြုပြင်ထိန်းသိမ်းရေးစင်တာတွင် နေ့စဉ်ရထားများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်လေ့ရှိသည်။ နွေရာသီတွင် ခရီးသွားသူပိုမိုများပြားသောကြောင့် ရထားအစင်းရေအများဆုံး ပြုပြင်ထိန်းသိမ်းရသည်။ ရထားပြုပြင်ထိန်းသိမ်းရေးစင်တာဝန်ထမ်းများမှာ ရထားများကိုသန့်ရှင်းရေးတင်မက ရထားများ၏ အင်ဂျင်ပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာများကို စစ်ဆေးရသည့် အပြင် လဲလှယ်ရန်လိုအပ်သည့်အစိတ်အပိုင်းများကို လဲလှယ်ခြင်း၊ ပြုပြင်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးရသည်။ ရထားများကို...