Connect with us

Videos

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံတွင် အမျိုးသားအားကစားရုံကို တည်ဆောက်ပေး

ဖနွမ်းပင်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အမျိုးသားအားကစားရုံကို တရုတ်နိုင်ငံပိုင် China State Construction Engineering Corp က ငွေကြေးအထောက်အပံ့ပြုကာ ဆောက်လုပ်ပေးလျက်ရှိရာလက်ရှိတွင် ကွန်ကရစ် ထိုင်ခုံများတပ်ဆင် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ကမ္ဘောဒီးယားအမျိုးသားအားကစားရုံမှာ ၃၉.၉ မီတာအမြင့်ရှိပြီး ရွက်လွှင့် နေသည့် သင်္ဘောသဏ္ဍာန် ဖန်တီးတည်ဆောက်ကာ သင်္ဘောဦးပိုင်းသဏ္ဍာန် နှစ်ဘက်စလုံးမှာ ၉၉ မီတာအမြင့်ရှိသည်။ ကမ္ဘောဒီးယားအာဏာပိုင်များ၏ အဆိုအရ အမျိုးသားအားကစားရုံကို ရွက်လွှင့်နေသည့် သင်္ဘောသဏ္ဍာန်ဖန်တီးရသည့်အကြောင်းမှာ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ခင်ရင်းနှီးမှု ပြယုဂ်ဖြစ်ကြောင်း၊ တရုတ်လူမျိုးများမှာ ရှေးယခင်ကာလကတည်းကကမ္ဘောဒီးယားနိုင်ငံသို့ သင်္ဘောများဖြင့်ရွက်လွှင့်ကာ သွားလာတတ်ခြင်းကြောင့် ဖြစ်ကြောင်းဆိုသည်။ အမျိုးသားအားကစားရုံ တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ပြီးနောက် ၂ဝ၂ဝ ခုနှစ် သြဂုတ်လတွင် အပြီးတည်ဆောက်ရန် လျာထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.