Connect with us

Science & Technology

စတုတ္ထမြောက် C919 ဂျက်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

တရုတ်နိုင်ငံထုတ် တတိယမြောက် C919 လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လေဆိပ်တစ်ခုတွင် တရုတ်နိုင်ငံ၏ စတုတ္ထမြောက် C919 ခရီးသည်တင်လေယာဉ်ကြီးအား သြဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် ပထမဆုံးပျံသန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်တွင်းဖြစ်လေယာဉ်ကြီးမှာ ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၅း၃၂ နာရီခန့်တွင် ပျံသန်းထွက်ခွာခဲ့ပြီး ပျံသန်းချိန် တစ်နာရီ ၂၅ မိနစ်ကြာခဲ့သည်။

စတုတ္ထမြောက် C919 လေယာဉ်က အဓိကအားဖြင့် လေယာဉ်ပုံစံထုတ်လုပ်မှုစနစ်၊ လေယာဉ်ပျံတက်ခြင်းနှင့် မြေပြင်ဆင်းသက်ခြင်း လုပ်ဆောင်ချက်၊ အလိုအလျောက်ပျံသန်းမှုစနစ်နှင့် အလွန်အေးခဲသည့် အခြေအနေများတွင် လေယာဉ်၏လုပ်ဆောင်ချက်များအား စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

C919 လေယာဉ် လေးစင်းအား ထုတ်လုပ်၍ စမ်းသပ်ပျံသန်းမှုများပြီးမြောက်ခဲ့ပြီးဖြစ်ကာ နောက်ထပ်လေယာဉ် နှစ်စင်းအား ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်နှောင်းပိုင်းတွင် ပထမဆုံး ပျံသန်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ Commercial Aircraft Corporation က ပြောကြားခဲ့သည်။ (Xinhua)