အဘူဂျာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နိုင်ငံဂျီးရီယားအရှေ့မြောက်ပိုင်း Borno ပြည်နယ်ရှိ စစ်တပ်စခန်းတစ်ခုကို မကြာသေးမီရက်များက ဘိုကိုဟာရမ်(Boko Haram) များ ဝင်တိုက်ခိုက်ခဲ့ကြောင်း ၊အပြန်အလှန်ပစ်ခတ်မှုတွင် တပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ သေဆုံး ခဲ့ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ စစ်ဘက်၏ စက်တင်ဘာ ၁ ရက် သတင်းများ...
ဒမတ်စကပ်စ်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်မြို့ရှိ စစ်ဘက်သုံးလေဆိပ်တစ်ခုအနီးတွင် စက်တင်ဘာ ၂ ရက် နံနက်ပိုင်း က ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲသံများကို ဒမတ်စကပ်စ်မြို့ တစ်ခုလုံးကြားခဲ့ရကြောင်း ၊လက်ရှိတွင် သေဆုံးဒဏ်ရာရမှုအခြေအနေကို မသိရသေးကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ ၁ရက် နံနက် ၈နာရီအချိန်တွင် ဆင်နင်းခံရ၍ ဆင်ထိန်းတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့သည် စက်တင်ဘာ ၁ ရက်က မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။