Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၄,၁၄ဝ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၄,၁၄ဝ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ဝ၉း၃ဝ နာရီ၊ ငါးအိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ ငါးအိုး-မဘိမ်းသွားကားလမ်း သရက်ပင်ခေါင်းပေါက်လမ်းဆုံတွင် ဆိုင်ကယ် ၁ စီးနှင့်အတူ ပီနံအိတ် ၂ လုံးအား တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ ပီနံအိတ်များအတွင်းမှ ဆပ်ပြာခွက် ၁၁ဝ ခွက်ဖြင့်ထည့်ထားသည့် စုစုပေါင်း ဘိန်းဖြူအလေးချိန် ၁.၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂ဝ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၂ဝ သိန်း)တို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ (Xinhua)