လာဂို့စ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ဓါးပြအယောက် ၂၀အား သုတ်သင်ရှင်းလင်းပြီး ဖမ်းဆီးထားသော ဓါးစားခံများအား လွှတ်ပေးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦး က သြဂုတ် ၄ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သြဂုတ်လ ၄ ရက်က ဗင်နီဇွဲလား သမ္မတ Maduroအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော်လည်း သမ္မတ Maduroမှာ ဘေးကင်းလုံခြုံခဲ့ကြောင်း သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။