Connect with us

Africa & Middle East

လေယာဉ်ငယ်တစ်စီး ဒူဘိုင်းတွင် မတော်တဆမှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံး

ဂရိနိုင်ငံ အေသင်မြို့အနီး လေယာဉ်ပျက်ကျမှုတစ်ရပ် ဖြစ်ပွားခဲ့စဉ် တွင် ပျက်ကျခဲ့သော လေယာဉ်ငယ်တစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

ဒူဘိုင်း၊ မေ ၁၇ ရက်(ဆင်ဟွာ)

ဒူဘိုင်းနိုင်ငံတကာလေဆိပ်အနီးတွင် မေ ၁၆ ရက်က လေယာဉ်ငယ်တစ်စီးမတော်တဆမှု ဖြစ်ပွားခဲ့ရာ လေယာဉ်တွင်လိုက်ပါလာသူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း ယူအေအီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် ဗြိတိန်၌မှတ်ပုံတင်ထားသည့် ၄ ယောက်စီး DA42 အမျိုးအစားဖြစ်ပြီး ဒူဘိုင်းနိုင်ငံတကာလေဆိပ်၏တောင်ဘက် ၅ ကီလိုမီတာ အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယူအေအီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၄ ဦး သေဆုံးခဲ့ကြောင်း ၊ ၎င်းတို့အနက် ၃ ဦးမှာ ဗြိတိန်ကဖြစ်ပြီး ၁ ဦးမှာ တောင်အာဖရိက ကမှဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ထားကြောင်းနှင့် စုံစမ်းစစ်ဆေးသည့်ရလဒ်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အချင်းဖြစ်ပွားပြီး လေကြောင်းခရီးစဉ်အချို့ခေတ္တခဏနှောင့်နှေးမှုများ ဖြစ်ပွားခဲ့သော်လည်း မကြာမီ ပုံမှန်ပြန်လည် လည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒူဘိုင်းနိုင်ငံတကာလေဆိပ်၌ ၂၀၁၈ခုနှစ်တွင် ဝင်ထွက်သွားလာသည့် နိုင်ငံတကာ ခရီးသွား ပမာဏ သည် ၈၈.၈၀ သန်း ရှိပြီး ၄ နှစ်ဆက်တိုက် ကမ္ဘာ့ နိုင်ငံတကာခရီးသွားသယ်ယူပို့ဆောင်မှု ပမဏ အကြီးဆုံး လေဆိပ်ဖြစ်ကြောင်း နိုင်ငံတကာလေဆိပ်ကောင်စီ(ACI)၏စာရင်းများအရသိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.