Connect with us

Agriculture

တောင်သူများ နှင့် လုပ်ငန်းရှင်များ စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေး လုပ်ငန်း ဆိုင်ရာ ချေးငွေများ ရယူ နိုင်ကြောင်း အသိပေး

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာ စိုက်ကွင်း တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

တောင်သူများ နှင့် လုပ်ငန်းရှင်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန် ချေးငွေများ ရယူနိုင်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အသိပေး ကြေညာခဲ့သည်။

ချေးငွေရယူလိုသူများသည် ၎င်း၏ အမြဲတမ်း နေထိုင်ရာ မြို့နယ်ရှိ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် ၊ မြို့နယ် ဘဏ်ခွဲ သို့မဟုတ် နီးစပ်ရာ ဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများအား လျှောက်ထားနိုင်ကြောင်း သိရသည်။

ချေးငွေအား နှစ်တို ချေးငွေ ၃ နှစ် ၊ နှစ်ရှည် ချေးငွေ ၅ နှစ် သတ်မှတ်ပြီး နှစ်တို ချေးငွေ အတွက် ကျပ်သိန်း (၅၀၀) အထိ ၊ နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း (၅၀၀၀)အထိ ထုတ်ချေးပေးလျက်ရှိကြောင်း ၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၉ ရာခိုင်နှုန်း ဖြစ်ပြီး ငွေချေးယူသူ၏ ငွေချေးယူမှု ရာဇဝင်၊ ပိုင်ဆိုင်မှု ၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု ၊ အာမခံတင်သွင်း နိုင်မှု တို့အပေါ် စိစစ်၍ ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကို သတ်မှတ် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ချေးငွေအတွက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)မူရင်း၊ မွေးမြူရေး လုပ်ငန်း (သို့မဟုတ်) စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသောလုပ်ငန်းများဖြစ်ပါက လန (၃၉) ၊ ပုံစံ (၁၀၅) ၊ (၁၀၆) မူရင်းနှင့် ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူ (၂)ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများကို အာမခံအဖြစ် တင်သွင်း ရမည်ဖြစ်ကြောင်း ချေးငွေအတွက် အာမခံ ပစ္စည်း လုံလောက်စွာ မပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်သွယ်၍ ချေးငွေအာမခံစနစ် (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ကြောင်း ၊ ကျပ်သိန်း(၂၀၀)ထက်ပိုသော ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနှင့် ဘဏ်ရာဖြတ် အစီရင်ခံစာ တို့ကို ပူးတွဲ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလကုန်ထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေကို မြို့နယ်ပေါင်း (၉၆)ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ ၆၈၀ ဦးသို့ ငွေကျပ် ၆,၃၂၆ သန်းကျော် ထုတ်ချေးထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါင်းစပ် ညှိနှိုင်း၍ စိုက်ပျိုးရေး နှင့် မွေးမြူ ရေး ချေးငွေ များကို တောင်သူ လယ်သမားများ အပါအဝင် လုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများ ရရှိစေရန် ၂၀၁၈ ခုနှစ် ၊ ဧပြီလမှစ၍ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.