Connect with us

Sport

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းမည့် အာရှ ဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲအား မြန်မာနိုင်ငံမှ VUC FC အသင်းဝင်ရောက်ယှဉ်ပြိုင်မည်

VUC FC အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းမည့် အာရှ ဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲအား မြန်မာနိုင်ငံမှ Victoria University College FC (VUC FC)အသင်းက ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

Victoria University College FC (VUC FC) အသင်းသည် MFF Myanmar Futsal League 2018 ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သောအသင်းဖြစ်သည်။ ၎င်းပွဲစဉ်များအတွက် အုပ်စုမဲခွဲပွဲကို ဇွန် ၂၇ရက် တွင် အာရှဘောလုံး အဖွဲ့ချုပ်ရုံးစိုက်ရာ မလေးရှားနိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ရာ VUC FC သည် မဲခွဲပွဲ ကျင်းပရာတွင် Pot 4 မှပါဝင်လျက်ရှိသည်။

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှ VUC FC နှင့် အတူ ထိုင်းကလပ် Port Futsal Club၊ အီရန်ကလပ် Mes Sungun Varzeqau FC ၊ ဗီယက်နမ် ကလပ် Thai Son Nam FC ၊ လက်ဘနွန်ကလပ် Bank of Beirut FC၊ အီရတ်ကလပ် Naft Al Wasat FC ၊ ဂျပန်ကလပ် Nagoya Oceans FC၊ အင်ဒိုနီးရှားကလပ် Vamos FC ၊ ကာဂျစ်ရီပတ်ပလစ် ကလပ် FCErem ၊ ယူအေအီးကလပ် Al-Dhafra Sport & Cultural Club ၊ တရုတ်ကလပ် Shenzhen Nanling Tielang FC ၊ ကာတာ ကလပ် Al Rayyan SC ၊ တာဂျစ်ကစ္စတန် ကလပ် Soro Company ၊ ဥဇဘက်ကစ္စတန် ကလပ် AGMK FC ၊ တောင်ကိုရီးယား ကလပ် Star FS Seoul နှင့် ကူဝိတ်ကလပ် Kazma SC တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲ ကို ဘန်ကောက်မြို့ရှိ Futsal Arena Indoor Stadium တွင် သြဂုတ်လ ၇ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.