ဂွာတီမာလာစီးတီး ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ မြို့တော်အနီး၌ ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူ ဦးရေ ၆၅ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်သည့်သတင်းများအရ သိရသည်။(Xinhua)
တူနီးရှား ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဇွန်လ ၃ရက်က Kerkennah ကျွန်းစုအနီး ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော သင်္ဘောတစ်စီးတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေ ၅၈ ဦး အထိ တိုးမြင့်လာပြီ ဖြစ်ကြောင်း၊ သေဆုံးသူများအနက် ၃၁ ဦးမှာ တူနီးရှားနိုင်ငံသားများဖြစ်ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက...
ချင်းသောင်၊ ဇွန် ၅ ရက်(ဆင်ဟွာ) ၁၈ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ကို တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းသောင်တွင် ဇွန်လ ၉ ရက်နေ့ နှင့် ၁ဝ ရက်နေ့တို့၌ကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံက ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း SCO အဖွဲ့ဝင်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၅ ဘီလီယံနီးပါးခန့်ပြုလုပ်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် အိုလံပစ်နေ့အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။
ရီယတ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများ ယာဉ်မောင်းခြင်းကို ဆယ်စုနှစ်များကြာ တားမြစ်ထားပြီးနောက် ဇွန်လ ၄ ရက်တွင် အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းလိုင်စင် ခွင့်ပြုပေးလိုက်ကြောင်း Al Arabuya သတင်းစာက ဖော်ပြခဲ့သည်။