Connect with us

Asia

နယ်စပ်တိုက်ခိုက်မှုအတွက် အာဖဂန် သံတမန်ကို ပါကစ္စတန် ဆင့်ခေါ်

ပါကစ္စတန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ်တွင် အာဖဂန်ဘက်ခြမ်းမှ စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခြင်းနှင့် အခြားသူ ၇ ဦးဒဏ်ရာရရှိခြင်းအတွက် အာဖဂန် သံတမန်အား မေလ ၁ ရက်၌ ဆင့်ခေါ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

အာဖဂန်နစ္စတန်နိုင်ငံ အခြေစိုက်ထားသော စစ်သွေးကြွ ၆၀ ဦးမှ ၇၀ ဦးအထိပါဝင်သော အဖွဲ့တစ်ဖွဲ့က North Waziristan လူမျိုးစုခရိုင် အယ်လ်ဝါရာနယ်မြေရှိ ပါကစ္စတန်-အာဖဂန်နယ်စပ်တစ်လျှောက်တွင် နယ်စပ်ခြံစည်းရိုးတာဝန်ယူထားသည့် တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ဖြစ်စဉ်မှာ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်ရှိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိခိုက်စေကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

“အာဖဂန်ဘက်ခြမ်းက အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်တဲ့အရေးယူမှု ချက်ချင်းလုပ်ဆောင်ဖို့နဲ့ နောက်ပိုင်း အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်စေဖို့ ထိရောက်တဲ့ အရေးယူမှုတွေ သေချာစွာလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)