Connect with us

Africa & Middle East

အမေရိကန် တို့နှင့် ညှိနှိုင်း ဆွေးနွေးမှုများ ကာတာ နိုင်ငံ ဒိုဟာမြို့၌ ပြန်လည် စတင်မည်ဟု တာလီဘန် များက ကြေညာ

အာဖဂန် နစ္စတန် နိုင်ငံရှိ လုံခြုံရေး တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဒိုဟာ ၊ မေ ၂ ရက်(ဆင်ဟွာ)

ကာတာ နိုင်ငံ ဒိုဟာမြို့၌ အမေရိကန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အသစ်များ စတင်သွားမည် ဖြစ်ကြောင်း အာဖဂန် နစ်စတန် ၏ တာလီဘန် အုပ်စုက မေ ၁ ရက်တွင် ကြေညာခဲ့သည်။

ယင်းကြေညာမှုအား တာလီဘန်များ၏ ပြောရေးဆိုခွင့် ရှိသူ Zabihullah Mujahid က ၎င်း၏ လူမှုကွန်ရက် တွစ်တာ စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်-တာလီဘန် ညှိနှိုင်းဆွေးနွေးမှုတွင် ကာလ ကြာရှည်သော ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ရည်ရွယ်ပြီး ယင်းတို့ထဲတွင် တာလီဘန်များ အကြမ်းဖက်မှုကို မပြုလုပ်ရန် အာမခံချက်များ နှင့် အာဖဂန် နစ္စတန် နိုင်ငံမှ အမေရိကန် တပ်ဖွဲ့များ အဆင့်လိုက် ပြန်လည် ဆုတ်ခွာရေးတို့ပါဝင်ကြောင်း သိရသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့၏ အကြီးအကဲ Zalmay Khalilzad က ဆွေးနွေးမှုများတွင် ပြန်လည် ရုတ်သိမ်းရေး ၊ အကြမ်းဖက်မှုကို မပြုလုပ်ရန် အာမခံချက်များ ၊ ကာလကြာ အပစ်အခတ် ရပ်စဲရေး နှင့် အမေရိကန် ကျောထောက်နောက်ခံ ပြုထားသော အာဖဂန် နစ္စတန် နှင့် တာလီဘန်များ အကြား နိုင်ငံရေး ပြေလည်မှု လမ်းကြောင်း တစ်ခုဆီသို့ထူထောင်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ် လေးခုအား အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)