Connect with us

Eastern Europe

ဗင်နီဇွဲလားအခြေအနေနှင့်စပ်လျဉ်း ရုရှား-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ဗင်နီဇွဲလားနိုင်ငံ ကာရာကာစ့်တွင် ဧပြီ ၃၀ ရက်က စစ်တပ်တပ်ဖွဲ့ဝင်အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ မေ ၂ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားအခြေအနေနှင့်စပ်လျဉ်း၍ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoတို့ မေ ၁ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောရက်များတွင် ဗင်နီဇွဲလား အတိုက်အခံအဖွဲ့က အမေရိကန်နိုင်ငံ၏ ထောက်ခံမှုဖြင့် အာဏာလုယူရန် ကြိုးစားခြင်းနှင့်စပ်လျဉ်း၍ Sergei Lavrovနှင့် Mike Pompeoတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ မေ ၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ အမေရိကန်အနေဖြင့် ဗင်နီဇွဲလား ပြည်တွင်းရေးကို စွက်ဖက်ပြီး ၎င်းနိုင်ငံ၏ခေါင်းဆောင်များကို ခြိမ်းခြောက်မှု ပြုခြင်းသည် နိုင်ငံတကာ ဥပဒေကို ဆိုးဝါးစွာချိုးဖောက်ခြင်းဖြစ်ကြောင်း ထိုသို့ ဆက်လက်လုပ်ဆောင်သွားပါက ဆိုးကျိုးများဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရုရှားက ဆိုသည်။

ဗင်နီဇွဲလား ပြည်သူများသည် မိမိ၏ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ၊ ၎င်းနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးအင်အားစုများက တွေ့ဆုံဆွေးနွေးသင့်ကြောင်း ၊ ထိုကိစ္စနှင့်စပ်လျဉ်း၍ ဗင်နီဇွဲလားအစိုးရကလည်း အစောပိုင်းကတည်းက တိုက်တွန်းနှိုးဆောင်ပြောကြားထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မေ ၁ ရက်နေ့ သတင်းများအရ ရုရှားက ဗင်နီဇွဲလားတွင် ဖြစ်ပွားနေသည့်အခြေအနေများတွင် ပါဝင်စွက်ဖက်နေခြင်းသည် ဗင်နီဇွဲလား၏အခြေအနေကို ပို၍ မငြိမ်မသက်ဖြစ်စေနိုင်ပြီး အမေရိကန်-ရုရှားဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း Mike Pompeoက Sergei Lavrovကို ပြောကြားခဲ့သည်ဟု သိရသည်။

ဧပြီ ၃၀ ရက်က ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ ဂျူအန်ဂွိုင်ဒို(Juan Guaido) သည် အကြမ်းဖက် ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်ရန် သွေးထိုးလှုံ့ဆော်သည်ဟု တရားစွဲဆိုထောင်ကျခံရသူ Popular Will ပါတီခေါင်းဆောင် Leopoldo Lópezနှင့်အတူ ဒါဇင်နှင်ချီသော လက်နက်ကိုင်စစ်တပ်တပ်ဖွဲ့ဝင်များ၏ အစောင့်အရှောက်ဖြင့် မြို့တော် ကာရာကာ့စ် အရှေ့ပိုင်း လေတပ်အခြေစိုက်စခန်းအနီးသို့ လာရောက်၍ စစ်တပ်မှ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ကို ထောက်ခံမှု အား ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ပြည်သူများ သမ္မတ အိမ်တော်သို့ ချီတပ်ဆန္ဒပြရန် တိုက်တွန်း ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က အတိုက်အခံအဖွဲ့နှင့်အမေရိကန်၏ နိုင်ငံရေးအပြောင်းအလဲလှုပ်ရှားမှုများကို ဖြေရှင်းပြီးဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.