ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့တွင် long march 7 Y2 carrier အမျိုးအစားဒုံးကျည်ကို တင်ဆောင်ထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် Tianzhou -1 ကို လွှတ်တင်ခဲ့သည်။ ၁၉၇ဝ ခုနှစ်...
ဆိုးလ် ၊ မေ ၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ ဝန်ချီစက်(ကရိန်း) ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း Yongap သတင်းဌာနက ယနေ့(မေလ ၁ ရက်)တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များနှင့် ဧပြီလ ၃၀ ရက်က တယ်လီဖုန်းဖြင့် သီးခြားစီ စကားပြောဆိုခဲ့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ မေ ၁ ရက် (ဆင်ဟွာ) ဆွစ် စက်ရုပ်လူသားဟု လူသိများသော နာမည်ကျော် ဆွစ် တောင်တက်သမား ယူအီလီ စတက်ခ်သည် ဧပြီလ ၃၀ ရက်က Nuptse တောင်ခြေရင်းတွင် ပြုတ်ကျသေဆုံးခဲ့ကြောင်း နီပေါ တာဝန်ရှိသူများနှင့် တောင်တက် အဖွဲ့ ကုမ္ပဏီက ပြောြ့ားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့၌ ဧပြီ ၃ဝ ရက် ညပိုင်းက ဘီယာမူးနေသော သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် သေနတ်သမားမှာ ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း KFMB-ရုပ်သံက သတင်းဖော်ပြခဲ့သည်။