Connect with us

Social

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲကျင်းပ

မန္တလေးမြို့ တော် မဟာသင်္ကြန်မဏ္ဍပ်အား မြို့ မိမြို့ဖများက ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

မန္တလေး၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတော် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုနှစ်သစ်မှစပြီး အားသစ် အင်သစ် ရည်မှန်းချက်သစ်များဖြင့် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်မောင်က ယနေ့နံနက် မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

“နှစ်သစ်မှာ အားသစ် အင်သစ် ရည်မှန်းချက် အသစ်တွေနဲ့ နိုင်ငံတော် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်အောင် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ပေါင်းစုမှု အင်အား၊ စည်းလုံးမှု အင်အား၊ ညီညွတ်မှု အင်အား နဲ့ ဆောင်ရွက်ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်၊ နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်မှု ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံသားတို့ရဲ့ လူမှုဘ၀ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ထောင်ရေးတို့ကို နိုင်ငံတော် အစိုးရနဲ့ အတူ အဟုန်ပြင်းပြင်း ဆောင်ရွက်ကြရမယ့် နှစ်သစ် ဖြစ်တယ်လို့ မှာကြားချင်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

ငြိမ်းချမ်းရေး အထိမ်းအမှတ် မိုးပျံဘောလုံးများ လွှတ်တင်ကြစဉ် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ယမန်နှစ် လမ်းလျှောက်သြင်္ကန်သည် လူတိုင်း ပျော်ရွှင်မှု ၊ စိတ်ကျေနပ်မှု တို့ကို ဆောင်ကြဉ်းပေး နိုင်ခဲ့သောကြောင့် ‘မန္တလေး လမ်းလျှောက် သြင်္ကန်’ အဖြစ် နာမည်ကြီးခဲ့ကြောင်း၊ အခြေခံ စိတ်ထား ကောင်းမွန်သော မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိတို့မှာ ရှိနှင့်ပြီးသား ဖြစ်သည့် မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်၊ သည်းခံစိတ်များဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ငြိမ်းချမ်းရေး ရရှိအောင်၊ ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ၁၃၈၀ ပြည့်နှစ် နှစ်သစ်မှာ စည်းလုံး ညီညွတ်သော စုပေါင်း အင်အားဖြင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတကာမှာ မျက်နှာပန်းလှသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖြစ်လာရေးကို အစိုးရနှင့် ပြည်သူ လက်တွဲပြီး ဖော်ဆောင်ကြပါ ဟုလည်း ဝန်ကြီးချုပ်က ပြောခဲ့သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်အား ယနေ့နံနက် ၇ း ၃၀ နာရီတွင် မြို့မိ မြို့ဖ များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် တို့ ဦးဆောင် သော အဖွဲ့က ငြိမ်းချမ်းရေး ချိုးဖြူ အရုပ်ပါသည့် အပြာရောင် မိုးပျံ ဘောလုံးများ လွှတ်တင် ခဲ့ကြကြောင်းသိရသည်။ (Xinhua)