Connect with us

Africa & Middle East

ဆူဒန်စစ်ကောင်စီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် ၊ ဆက်ခံသူကို ထုတ်ဖော်ကြေညာ

ရာထူးမှ နုတ်ထွက်သွားသော ဆူဒန်နိုင်ငံစစ်ကောင်စီအကြီးအကဲ Mohamed Ahmed Ibn Auf အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ခါတွမ် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌ Awad Mohamed Ahmed Ibn Auf သည် ရာထူးမှ နုတ်ထွက်ကြောင်း ဧပြီ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

“ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌရာထူးကနေ ကျွန်တော်နုတ်ထွက်ကြောင်း ကြေညာပါတယ်” ဟု Ibn Auf ၏ ကြေညာချက်ကို ဆူဒန်နိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ဖော်ပြခဲ့သည်။

“ ကျွန်တော့်နေရာဆက်ခံဖို့ဒုတိယဗိုလ်ချုပ်ကြီး Abdel-Fattah al-Burhan ကို အသွင်ကူးပြောင်းရေးစစ်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Ibn Auf သည် ဆူဒန်သမ္မတ Omar al-Bashir ထံမှ တိုင်းပြည်အာဏာသိမ်းယူကြောင်း နှင့် ၎င်းဦးဆောင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဧပြီ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ထိုသို့အာဏာသိမ်းပြီးနောက် အသွင်ကူးပြောင်းရေးစစ်ကောင်စီတွင် Ibn Auf သည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ နိုင်ငံကို နှစ်နှစ်တာ အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)