Connect with us

North America

ဗင်နီဇွဲလား ကုမ္ပဏီ ၄ခု နှင့် သင်္ဘော ၉စီးအပေါ် အမေရိကန်က ပိတ်ဆို့တားမြစ်မှုများပြုလုပ်

ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလပ်စ် မာဒူရို အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလား နှင့် ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှုများကို မြှင့်တင်ရန် ရေနံကုမ္ပဏီ ၄ခု နှင့် ၎င်းတို့၏ သင်္ဘော ၉စီး အပေါ် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ကြောင်း ဧပြီ ၁၂ ရက်ကကြေညာခဲ့သည်။

ထုတ်ပြန်ချက်အရ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍတွင် လုပ်ကိုင်နေသည့် ယင်းကုမ္ပဏီ ၄ခု နှင့် ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံတင်ပို့နေသည့် သင်္ဘော ၉စီး ကို ပစ်မှတ်ထား ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပိတ်ဆို့တားမြစ်မှုများ၏ ရလဒ်များအဖြစ် အမေရိကန်နိုင်ငံရှိ အဆိုပါ ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများ နှင့် အကျိုးစီးပွား များကို ပိတ်ဆို့သွားမည်ဖြစ်ကြောင်း နှင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ယင်းကုမ္ပဏီများ၏ ပိုင်ဆိုင်မှု တစ်စုံတစ်ရာ၌ ပါဝင်ပတ်သက်ခြင်းများကိုလည်း တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သည် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် Juan Guaido အား ထောက်ခံသည့်အနေဖြင့် ဗင်နီဇွဲလားအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မှုများ ပြုလုပ်သည့် မူဝါဒကို ကျင့်သုံးခဲ့သည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် လက်ရှိသမ္မတ နီကိုးလပ်စ် မာဒူရို (Nicholas Maduro) သည် အမေရိကန်နိုင်ငံ နှင့် သံတမန်အရ နှင့် နိုင်ငံရေးအရ ဆက်ဆံမှုများကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117