ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ရန်ရှန်းဆိပ်ကမ်းတွင် ကမ္ဘာ့အကြီးဆုံးအလိုအလျောက်သယ်ဆောင်သည့် ကုန်သေတ္တာဆိပ်ကမ်းကို အသုံးပြုလျက်ရှိကြောင်းသိရသည်။ ၎င်းမှာ ပေ ၂ဝ ရှိကုန်သေတ္တာအလုံးရေပေါင်း ၆.၃ မီလီယံ ဆန့် ဆိပ်ကမ်းအဖြစ် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ အဆိုပါ ကုန်သေတ္တာတင်ဆိပ်ကမ်းသုံး ပစ္စည်းများ အားလုံးကို တရုတ်ပြည်တွင်းဖြစ်ပစ္စည်းများဖြင့်ထုတ်လုပ်တပ်ဆင်ထားခြင်း ဖြစ်ကြောင်းသိရသည်။(Xinhua)
ဝမ်ကျိုး၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းဝမ်ကျိုးတွင် အပြည်ပြည်ဆိုင်ရာဇိမ်ခံသင်္ဘောကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းသစ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ထိုဆိပ်ကမ်းမှတစ်ဆင့်နှစ်စဉ် ခရီးသည်ပေါင်း ၂၂ဝဝဝဝ အထိ ဝင်ထွက်သွားလာ နိုင်မည်ဖြစ်သည်။ဝမ်ကျိုးမြို့သည်စီးပွားရေးလုပ်ငန်းများစွာလည်ပတ်နေသောမြို့ဖြစ်ပြီး ထိုဆိပ်ကမ်းမှတစ်ဆင့်မြို့၏ စီးပွားရေး ကဏ္ဍ နှင့် ဒေသတွင်းခရီးသွားလာမှုတို့ကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ (Xinhua)
နယူးဒေလီ ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သမ္မတ Ram Nath Kovind နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဒီဇင်ဘာ ၁၁ ရက်နေ့၌ နယူးဒေလီ မြို့ရှိ အိန္ဒိယ နိုင်ငံ...