Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဥရောပခရီးစဉ်အတွက် ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချူပ် လီခဲ့ချန်သည် ဘရပ်ဆဲမြို့တွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်၊ ခရိုအေးရှားနိုင်ငံတွင် ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ၏ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်နှင့် ခရိုအေးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် ဧပြီလ ၈ ရက်၌ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် လီ၏ ခရီးစဉ်၌ ၎င်း၏ ဇနီး ချန်ဟုန်၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် အကြီးအကဲ ဟဲလိဖုန်း တို့လိုက်ပါသွားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.