Connect with us

Africa & Middle East

အီရန်တောင်ပိုင်း၌ ဆောက်လုပ်ဆဲ ရေငုပ်သင်္ဘောပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံး

အီရန် ရေတပ်၏ ရေငုပ်သင်္ဘောတစ်စင်းအားတွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တောင်ပိုင်းတွင် ဧပြီ ၆ ရက်က ဆောက်လုပ်နေဆဲ ရေငုပ်သင်္ဘောပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ သုံးဦးသေဆုံးခဲ့ကြောင်း Farsသတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေငုပ်သင်္ဘော ဘက်ထရီများပေါက်ကွဲမှုကြောင့် အီရန်ကာကွယ်ရေးစက်မှုလုပ်ငန်း၏ ပညာရှင်သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘန်ဒါ အက်ဘ်ဘားစ် ဆိပ်ကမ်းအနီးရှိ သင်္ဘောတည်ဆောက်ရေးစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)