ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈ဝ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော် ဒုတိယ သမ္မတများ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှု နှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် win-win ရလဒ်များ ရရှိနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၆ ရက် ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် နိုင်ငံခြားသား အကျဉ်းသူ/သား ၅၁ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒမတ်စကပ်စ် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး က ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ဘက်ဆိုင်ရာ လေတပ်စခန်း ၂ ခု အား ပစ်မှတ်ထား တိုက်ခိုက်လာသည့် ဒုံးကျည်များအား ကာကွယ်တားဆီး နိုင်ခဲ့ကြောင်း...