Connect with us

Africa & Middle East

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ်တွင် ယခင်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အလယ်ပိုင်း Guanajuatoပြည်နယ် Penjamoမြို့တွင် မတ် ၉ ရက်က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံးပြီး လူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Penjamoမြို့ရှိယာဉ်သွားလမ်းပေါ်တွင် မတ် ၉ ရက် နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီး မျက်နှာချင်းဆိုက်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းမြို့ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသည့် ခရီးသည်တင်ယာဉ်တွင် လူ ၁၂ ဦးလိုက်ပါလာကြောင်း ဒေသခံမီဒီယာများက ဆိုသည်။ ကုန်တင်ယာဉ်က ခရီးသည်တင်ယာဉ်မောင်းနှင်နေသည့်လမ်းကြောင်းကို ဝင်ရောက်လာရာ မှ မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦး၏ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် ကုန်တင်ယာဉ် ယာဉ်မောင်းဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်နေရာကို ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေမှုများပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117