Connect with us

Africa & Middle East

မွေးကင်းစ ကလေးငယ်များသေဆုံးမှုကြောင့် တူနီးရှား ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

မွေးကင်းစကလေးငယ်တစ်ဦးအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

တူနီးရှား၊ မတ် ၁၀ ရက်(ဆင်ဟွာ)

တူနီးရှားနိုင်ငံ မြို့တော်ရှိဆေးရုံတစ်ရုံတွင် မတ် ၇ ရက်နှင့် ၈ ရက်များက မွေးကင်းစကလေးငယ် ၁၁ ဦး အကြောင်းမဲ့သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တူနီးရှားအစိုးရမီဒီယာများ၏ မတ် ၉ ရက် သတင်း များ အရ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျန်းမာရေးဝန်ကြီး Abdel-Raouf El-Sherifက ၎င်းအနေဖြင့် တာဝန်ရှိသည်ဟု ယူဆက ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက အချင်းဖြစ်ဆေးရုံသို့ မတ် ၉ ရက် နံနက်ပိုင်းက စုံစမ်းစစ်ဆေးရေး အဖွ့ဲ စေလွှတ်ထားကြောင်း သိရသည်။ သွေးမှတစ်ဆင့် ရောဂါကူးစက်ကာ သွေးလန့်သွေးဆုတ်ခြင်း (ရှော့ခ်)ဖြစ်ပြီး သေဆုံးခြင်းဖြစ်နိုင်ကြောင်း၊ သွေးနမူနာများကို စစ်ဆေးလျက်ရှိကြောင်း ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးဌာနကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ထားပြီး စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေကြောင်းသိရသည်။

အဆိုပါကိစ္စအားကိုင်တွယ်ဖြေရှင်းရန် တူနီးရှားဝန်ကြီးချုပ်Youssef Chahed က မတ် ၉ ရက် ညပိုင်းတွင် အစိုးရအရာရှိများအား အစည်းအဝေးခေါ်ယူဆွေးနွေးခဲ့ရာ ယင်းနေ့တွင်ပင် ကျန်းမာရေးဝန်ကြီးက ရာထူးမှနုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။(Xinhua)