Connect with us

Europe

ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား ရဲတပ်ဖွဲ့က စံချိန်တင် ရွှေ နှင့် ကျောက်မျက်ရတနာများ ဖမ်းဆီးရမိ

ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား စုံစမ်းစစ်ရေးဌာနက သိမ်းဆည်းရမိသော ရွှေ နှင့် လက်ဝတ်ရတနာများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆာရာဂျေဗို ၊ မတ် ၁ဝ ရက်(ဆင်ဟွာ)

ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး နှင့် ကာကွယ်ရေးအေဂျင်စီ(SIPA) သည် ပမာဏအလွန်များပြားသည့် ရွှေ နှင့် ကျောက်မျက်ရတနာများကို မှောင်ခိုကူးရန် ကြိုးပမ်းမှုဖြင့် သံသယရှိသူ လူပေါင်း ၃ဝ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း SIPA က မတ် ၉ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“ ရဲတပ်ဖွဲ့က ရွှေအလေးချိန် ၆ဝ ကီလိုဂရမ် ၊ ငွေ ၄၅ ကီလိုဂရမ် နဲ့ ကျောက်မျက်ရတနာ ပစ္စည်းမျိုးစုံ အခု ၂,ဝဝဝ ကျော် ကို သိမ်းဆည်းရမိခဲ့တယ်။ တန်ဖိုးအနေနဲ့ KM ငွေ ၃.၅ သန်း ( အမေရိကန်ဒေါ်လာ ၂ သန်း) ရှိပါတယ်။ ဒါ့အပြင် ဘော့စနီးယားငွေ KM ၆ဝ,ဝဝဝ ၊ ယူရိုငွေ ၄ဝ,ဝဝဝ ( ဒေါ်လာ ၄၄,၉၃၉) ၊ သေနတ် ၆ လက် နဲ့ ကျောက်မျက်ရတနာ ထုတ်လုပ်တဲ့ ကုမ္ပဏီ အမှတ်အသား တံဆိပ်ခေါင်း အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအမှုနှင့်ဆက်စပ်၍ ရဲတပ်ဖွဲ့က စီးပွားရေးလုပ်ငန်းရှင် အယောက် ၆ဝ နှင့် နိုင်ငံအတွင်းရှိ မြို့ပေါင်း ၁ဝ မြို့မှ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း ရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများအနေဖြင့် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်မှု ၊ မှောင်ခိုမှု ၊ ငွေကြေးခဝါချမှု ၊ တရားမဝင်ရွှေများ လက်ဝယ်တွေ့ရှိမှု ၊ အခွန်တိမ်းရှောင်မှု နှင့် ရွှေထည်အမှတ်အသား တံဆိပ်ရိုက်နှိပ်မှု စသည့် ပြစ်မှုများဖြင့် တရားစွဲဆိုခံသွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.