Connect with us

Science & Technology

တရုတ်နိုင်ငံ က ဆက်သွယ်ရေးဂြိုဟ်တုသစ်တစ်လုံး လွှတ်တင်

“ChinaSat 6C” ဂြိုဟ်တုအားLong March-3B ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံဖြင့် မတ် ၁၀ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ရှီးချန်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေးဂြိုဟ်တုသစ် တစ်စင်းအား မတ် ၁၀ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

“ChinaSat 6C” ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ဝး၂၈နာရီတွင် Long March-3B ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပံျဖြင့် လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုသည် အရည်အသွေးမြင့် ရေဒီယို နှင့် ရုပ်သံလိုင်းထုတ်လွှင့်သည့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဂြိုဟ်တုအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ လွှတ်တင်ခဲ့ပြီး တရုတ်၊ သြစတြေးလျ၊ နယူးဇီလန် နှင့် တောင်ပစိဖိတ်ကျွန်းနိုင်ငံများကို လွှမ်းခြုံထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုအား တရုတ်အာကာသနည်းပညာ အကယ်ဒမီမှ ဖန်တီးခဲ့ပြီး ၎င်းအား တရုတ်နိုင်ငံ ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီက ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလွှတ်တင်မှုသည် တရုတ်အာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း မှ ဖန်တီးထားသော Long Marchဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပံျ၏ အကြိမ် ၃၀၀မြောက် လွှတ်တင်မှုဖြစ်ကြောင်းသိရသည်။ (Xinhua)