တိုကျို၊ မတ် ၁၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဂျပန်ပင်လယ်အတွင်း ရှိ Sado ကျွန်း တွင် မတ် ၉ ရက်က မြန်နှုန်းမြင့် ဖယ်ရီသင်္ဘောတစ်စီး နှင့် ရေသတ္တဝါတစ်ကောင်တို့ တိုက်မိခဲ့ရာ လူ၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက...
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေးရှိ ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၉ ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။
မက္ကဆီကို စီးတီး၊ မတ် ၁၀ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ရှိ ဘားတစ်ခုတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းက မတ် ၉ရက်တွင်ဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁ဝ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့တွင်ဆောက်လုပ်ဆဲအဆောက်အအုံတစ်ခု၌ မတ်လ ၉ ရက်က အဆောက်အအုံသုံး ဓာတ်လှေကားတစ်စီးပျက်ကျရာအလုပ်သမား ၆်ဦးသေဆုံးကြောင်းသိရသည်။
ဘိုဂိုတာ ၊ မတ် ၁၀ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၌ မတ် ၉ ရက်က လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားပြီးနောက် စုစုပေါင်း လူ ၁၂ ဦးသေဆုံးသွားကြောင်း ကိုလံဘီယာနိုင်ငံ ပြည်သူ့လေကြောင်း အထူးစီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့သည်။