Connect with us

Latin America

ကိုလံဘီယာနိုင်ငံ၌ လေယာဉ်ပျက်ကျရာ ၁၂ ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ၌ ပျက်ကျသွားသော လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ၌ မတ် ၉ ရက်က လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားပြီးနောက် စုစုပေါင်း လူ ၁၂ ဦးသေဆုံးသွားကြောင်း ကိုလံဘီယာနိုင်ငံ ပြည်သူ့လေကြောင်း အထူးစီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်မှာ Douglas DC-3 အမျိုးအစားလေယာဉ်အဖြစ် Villavicencio မြို့တော် လေဆိပ်၌ မှတ်ပုံတင်ထားသော လေယာဉ်တစ်စင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့လေကြောင်းပို့ဆောင်ရေးဌာန၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင် “ San Jose del Guaviare နဲ့Villavicencio အကြား ပြေးဆွဲနေတဲ့ လေယာဉ်တစ်စင်းမတော်တဆ ဖြစ်မှုအပေါ် စိတ်မကောင်းဖြစ်ရပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

အချင်းဖြစ်ကိစ္စရပ်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်သူ့လေကြောင်းဌာနက ဆိုသည်။(Xinhua)