Connect with us

Asia

ကရာချိတွင် အဆောက်အအုံသုံး ဓာတ်လှေကားပျက်ကျ၍ လူ ၆ ဦးသေ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ၌ လုပ်ငန်းခွင်သုံး ဓာတ်လှေကားပြိုကျမှုဖြစ်ပွားစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ် ၊ မတ် ၁ဝ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့တွင်ဆောက်လုပ်ဆဲအဆောက်အအုံတစ်ခု၌ မတ်လ ၉ ရက်က အဆောက်အအုံသုံး ဓာတ်လှေကားတစ်စီးပျက်ကျရာအလုပ်သမား ၆်ဦးသေဆုံးကြောင်းသိရသည်။

ကရာချိမြို့ မဟာမင်းကြီးအစ်ဖ်တီကာအလီ ရှာလ်ဝါနီ က ကရာချိမြို့ Boat Basin ရပ်ကွက်၌ ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အအုံတစ်ခုတွင် အဆောက်အအုံအပြင်ဘက်၌ မှန်ပြားများလိုက်လံတပ်ဆင်နေသောအလုပ်သမားများစီးနင်းလိုက်ပါနေသည့် ဆောက်လုပ် ရေးလုပ်ငန်းသုံးဓာတ်လှေကားမှာ ၁၅ ထပ်အမြင့်မှပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လိုက်ပါလာသည့် အလုပ်သမားများအနက်ငါးဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ဒဏ်ရာများကြောင့် ဆေးရုံတွင်သေဆုံးခဲ့ကြောင်းမီဒီယာသို့ပြောခဲ့သည်။

ဒေသခံအာဏာပိုင်များက အဆောက်အအုံအားချိတ်ပိတ်ကာ ဖြစ်ရပ်အားစုံစမ်းစစ်ဆေးနေကြောင်းသိရသည်။ အဆောက်အအုံကန်ထရိုက်တာကိုလည်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။(Xinhua)