ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၁၅ ရွက် (ငွေကျပ်သိန်း ၃၀ ကျော်ဖိုး) သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ၏ ပြည်နယ် ၁၅ခုရှိ နာမည်ကြီး လူသိအများဆုံး ကမ်းခြေ ၂၄ခု၌ ဖေဖော်ဝါရီ ၁ရက်တွင် ဆေးလိပ်သောက်ခွင့်ပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ဖင်လန်နိုင်ငံနှင့်အတူ အနာဂတ်ရှေ့ဆောင် ပုံစံသစ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် တိုးတက်ခိုင်မာအောင် တွန်းအားပေးသွားရန် ဆန္ဒရှိပါကြောင်း ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်းသို့ ယနေ့ နံနက် ၆ နာရီခွဲခန့်က မီးလောင်စေသော ပုလင်းပစ်ပေါက်ခဲ့သည့် တရားခံဓာတ်ပုံမှတ်တမ်းများ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဂါဇာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဟားမတ်အဖွဲ့ခေါင်းဆောင် Ismail Haneya အား ကမ္ဘာ့အကြမ်းဖက်သမားများ စာရင်း ၌ ထည့်သွင်းရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို အစ္စလာမ်မစ်ဟားမတ်အဖွဲ့က ဇန်နဝါရီ ၃၁ရက်တွင် ပြစ်တင်ဝေဖန် ခဲ့ကြောင်း သိရသည်။